ကာလိ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုတွင် အမှတ်(၄) ရပ်ကွက်နေ အသက်(၁၀)နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်း စီမံချက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)