ရမ်းဗြဲမြို့နယ်၌ ဝန်ဖိုက်ဒီရေတောထိန်းသိမ်းကာကွယ်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

ရမ်းဗြဲ  ဇန်နဝါရီ  ၂၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ဝန်ဖိုက်ဒီရေတော သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေးနှင့် သစ်တာသစ်ပင်များအား ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနိုင်ရေးအတွက် ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင်လာနိုင်စေရေးအတွက် အသိပညာပေး ဟောပြောဆောင်ရွက်ခြင်းကို ရမ်းသစ်ချေကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်ရာသို့ ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ   ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်မိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရမ်းဗြဲမြို့မရဲစခန်းမှ ဒု-ရဲမှူး စိန်ထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းထက်အောင်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် ရှေ့ဦးစွာ ဒု- ရဲမှူး စိန်ထွန်းအောင်မှ ဆွေးနွေးပြောကြားရာ သစ်တောသစ်ပင်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် ပတ်ဝန်းကျင်ရှိဒေသခံပြည်သူများအနေဖြင့် အဓိကဖြစ်ကြောင်း သစ်တောမပြုန်းတီးရေးအတွက် ပြည်သူများမှ တစ်တတ်တစ်အား ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းနှင့် စည်းကမ်းလိုက်နာမှုမရှိဘဲ သစ်ပင်များခုတ်လှဲခြင်း၊ မီးသွေးဖုတ်ခြင်းများကြောင့် သစ်တောပြုန်းတီမှုများဖြစ်ပေါ်လာကြောင်း ဒါကြောင့် ပြည်သူများမှ ထိန်းသိမ်းကာကွယ်ကြရန် အသိပညာပေး ပြောကြားပါသည်။

ဆက်လက်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းထက်အောင်မှ ဆွေးနွေးမှာကြားရာတွင် ဝန်ဖိုက်ဒီရေတောကြီးအနေဖြင့် မြန်မာနိုင်ငံမှာအကြီးဆုံး သစ်တောတစ်ခုဖြစ်သလို အရှေ့တောင်အာရှမှာ သစ်တောကြီးတစ်ခုစာရင်းဝင်ဖြစ်ကြောင်း လက်ရှိအခြေအနေတွင် ဝန်ဖိုက်ဒီရေတောတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိနေခြင်းကြောင့် မိမိတို့သစ်တောဦးစီးဌာန တစ်ခုတည်း စောင့်ရှောက်ရုံနှင့် လက်လှမ်းမမီနိုင်ကြောင်း  ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင်ပါမှသာ သစ်တာကြီးကို ထိန်းသိမ်းကာကွယ်နိုင်မှာဖြစ်ကြောင်း ဒီရေတောများပြုန်းတီးလာမှုကြောင့် ရေသယံဇာများဖြစ်သော သား ငါးပုဇွန်များ ရှားပါးလားခြင်းနှင့်အတူ ဂေဟစနစ်များပျက်းစီးလာပြီး ရာသီဥတုပြောင်းလဲဖေါက်ပြန်မှုများ ကြုံနေကြရကြောင်း၊ မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ်ဒီရေတောသစ်ပင်များ ပြန်စိုက်ပျိုးပေးလျက်ရှိကြောင်း၊   ဝန်ဖိုက်ဒီရေတောကြီးကို ဆက်လက်ထိန်းသိမ်းကာကွယ်နိုင်ဖို့အတွက် ပတ်ဝန်းကျင်ဒေသခံပြည်များမှ ပူးပေါင်းပါဝင်ရေးမှာ အဓိကကျကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်၊ ဆွေးနွေးပွဲသို့  ရမ်းသစ်ချေကျေးရွာမှ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်နိုင်