ဖောင်းပြင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဖောင်းပြင် ဇန်နဝါရီ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မိုင်းချောင်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက ကွင်း ဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ပန်းခင်းစီမံချက်အရ ဆောင်ရွက်သည့် အသက်(၁၀)နှစ်ပြည့် မှတ် ပုံတင်ကတ်ပြားဆောင်ရွက်သူ (၁၂)ဦး၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်ကတ်ပြားဆောင်ရွက်သူ (၂၃)ဦး၊ သက်ပြည့်လဲလှယ် (၃၅)ဦး၊ မှတ်ပုံတင်မိတ္တူ (၄၅)စောင်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပျောက်/ပျက်/လဲ(၃၂)စောင်တို့ကို ဆောင်ရွက်ပေးခဲ့သည်။ 

အဆိုပါဆောင်ရွက်ပေးနေမှုများအား မော်လိုက်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေးကာ  မိုင်း ချောင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး  ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေးနှင့် ဒေသတွင်းလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုထွန်း