သတင်းများ

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Dec 02,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများအားလုံး သက်ရှည်ကျန်းမာစွာ နေထိုင်ရည်ရွယ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ မိခင်နှင့်ကလေးကျန်းရေး ဦးစီးဌာန၊ အလယ်ချောင်း ကျန်းမာရေးဌာနနှင့် ကွန်းတောင်ကျန်းမာရေး ဌာနတို့၌ ဒေသခံပြည်သူ ၇၀၅ ဦးတို့အား ထိုးနှံပေးခဲ့သည်။
သိန္နီမြို့နယ်၌ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေး
Dec 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၌ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ယနေ့နံနက်(၈)နာရီ အချိန့်က သာသနာ့ဗိမာန်တွင် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
မိုးညှင်းမြို့၌ ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သည့် ဒေသခံပြည်သူများအား ပါးစပ်နှာခေါင်းစည်း ဝေငှပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နှာခေါင်းတို့ပတ်ယူခြင်းများဆောင်ရွက်
Dec 02,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သည့် ဒေသခံပြည်သူများအား ပါးစပ်နှာခေါင်းစည်းဝေငှပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နှာခေါင်းတို့ပတ်ယူခြင်းများကို ဒီဇင်ဘာ(၁)ရက် နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့နယ် ကော့ခပုံရွာဟောင်းကျေးလက် ကုန်ထုတ်လမ်းနှင့် နိုင်လှုံ-လက်တက်ကျေးရွာ စက်ရုံစုများ တည်ဆောက် နိုင်ရန် ဆောင်ရွက်ထားမှု မွန်ပြည်နယ် ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး
Dec 02,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်၉ နာရီက မုဒုံမြို့နယ် ကော့ခပုံကျေးရွာသမိုင်းဝင် ဘင်လှိုင် ရွှေဆံတော် ဘုရားသို့ ရောက်ရှိ၍ ဖူးမြှော်ကြည်ညိုပြီး ဆရာတော် အဂ္ဂမဟာကမ္မဌာန် နာစရိယ ဘဒ္ဒန္တဥူးပါလိ ဆရာတော်အား ဖူးမြော်ကန်တော့ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးသည်။
ကျေးလက်နေပြည်များအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုအဖြစ်ရပ်တည်နိုင်မည့် ဆိုင်ကယ်စက်ပြင် သင်တန်းအားကန်ကြီးထောင့်မြို့၌ဖွင့်လှစ်
Dec 02,2021
ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအနေဖြင့် ရပ်တည်နိုင်စေရန် ရည်ရွယ်၍ပုသိမ်မြို့အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ကန်ကြီးထောင့်မြို့နယ် ကျေးလက်‌ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်ပွဲအား ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ပံ့ရေးဆိုင်ရာ ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Dec 02,2021
ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာ ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရွှေသောင်ယံမြို့တွင် ဟိုတယ်ဝန်ထမ်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ် ဆေးဆောင်ရွက်ပေး
Dec 02,2021
ရွှေသောင်ယံမြို့ တိုက်နယ်ဆေးရုံတွင် ယနေ့နေ့လယ်(၁)နာရီက ဟိုတယ်ဝန်ထမ်းများအား ပွင့်လင်း ရာသီတွင် ဟိုတယ်လုပ်ငန်းများလည်ပတ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ သံသယကင်းရှင်း‌ရေးကို‌ ရှေးရှု၍ တာဝန်ရှိသူများမှRDT Test ဖြင့်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။