တောင်ကြီးမြို့၌ “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (Youth Club) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ ဖလှယ်နိုင်ကြစေရန်နှင့် တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန်အတွက် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။