သာကေတမြို့နယ်တွင် အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်

သာကေတ  ဇန်နဝါရီ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ၄/ မြောက်ရပ်ကွက်တွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများကို ယမန်နေ့ နံနက်(၉)နာရီမှ စတင်၍ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ၄/ မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်နှင့် တာဝန်ရှိသူ များက လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၃၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ကိုးသိန်းကိုးသောင်း တိတိကို အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်အတွင်း ရပ်ကွက်(၁၉)ရပ်ကွက်ရှိ၍ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွား(၉၅၄)ဦးရှိကာ လူမှုရေးပင်စင်အကျိုးခံစားခွင့် ရရှိရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)