ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ်အိုမီခရွန်သတိပြုကာကွယ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်
Jan 21,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့ တွေ့ရှိမှု နှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးစဉ်ဆက်မပြတ်အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စီဗီ လှိုင်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက စီဗီလှိုင်းရပ်ကွက်ကြီး အတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။