နောင်မွန်း ဇန်နဝါရီ ၂၁
ကချင်ပြည်နယ်၊ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကျေးလက်နေပြည်သူများဆိုင်ကယ်ပြုပြင်ခြင်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်နှင့် မိသားစုအပိုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၀)ရက် မွန်းလွှဲ ၁နာရီတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနမ်ရဲမင်ကအဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များရှင်းလင်းခြင်းနှင့် သင်တန်းသားများအား အားပေးစကားပြောကြားကာ သင်တန်းနည်းပြဆရာဦးဆန်နိုင်ဖုန်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနမ်ရဲမင်က ဂုဏ်ပြုအမှတ်တရလက်ဆောင်ပေးအပ်သည်။
အဆိုပါသင်တန်းကို ဇန်နဝါရီလ(၁၀)ရက်နေ့မှ (၂၀)ရက်အထိဖွင့်လှစ်ခဲ့ကာ နောင်မွန်းမြို့နယ်အတွင်းမှ သင်တန်းသား(၁၅)ဦးကိုသင်ကြားပေးနိုင်ခဲ့ပြီး နောင်တွင်လည်းအလားတူ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံ၊လက်သမား၊သံချည်သံကွေးနှင့်ဆိုင်ကယ်ပြင်သတန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။