ကျောက်ဖြူမြို့ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကျောက်ဖြူ  ဇန်နဝါရီ   ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီက ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျောင်းသို့သွားရောက်၍ အသိပညာပေးများ ဟောပြောခဲ့ကြသည်။ 

ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလှချမ်းအောင် က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝေမှ‌ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာ ပေးများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် ရခိုင်ပြည်နယ် အေရိုးပစ်ဆရာမ ဒေါ်ခင်အေးမှ အေရိုးဗစ်အားကစားနည်း အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ‌ ကျောင်းအုပ်ဆရာကြီးအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။  ယင်းနောက် ပြည်နယ်အေရိုးဗစ်အဖွဲ့မှ ကျောင်း သား၊ ကျောင်းသူများအား ဦးစွာသရုပ်ပြကပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်း၍ အေရိုးဗစ်အားကစား ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း