လိပ်သိုမြို့တွင်ကိုဗစ်-၁ ၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆက်လက် ဆောင်ရွက်

လိပ်သို   ဇန်နဝါရီ  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့် သိရှှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို    ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများကနေ့စဉ်  အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေန့နက်ပိုင်းက   ကရင်မြန်မာနှစ်ဘာသာဖြင့်  ဆက်လက် ဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရသည်။

အဆိုပါ  နှိုးဆော်ချက်များတွင်  အတတ်နိုင်ဆုံး အိမ်တွင်း၌သာ  နေထိုင်ကြရန်၊  အခြားသူများထံသို့  သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ အရာဝတ္တုများကိုကိုင်တွယ်ပြီးတိုင်း  လက်ကို ဆပ်ပြာဖြင့်စနစ် တကျဆေးကြောကြရန်၊   မျက်စိနှာခေါင်း ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ   ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနကအချိန်နှင့်တပြေးညီ ထုတ်ပြန်သောညွှန် ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊  မိမိတို့၌ရောဂါပိုး ရှိသည်ဟု  သံသယ ရှိပါကနီးစပ်ရာကျန်းမာရေး  ဌာနသို့ဆက်သွယ်ပြီး    ဆေးကုသမှုခံယူကြရန်နှင့်    ကိုဗစ်-၁၉ရောဂါ  ကွင်းဆက်ပြတ်တောက်ရန် အတွက်မိဘပြည်သူများအားလုံး    ပူးပေါင်းပါဝင်ပေး ကြရန် စသည့်အချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာန ဝန်ထမ်းများက    ရပ်ကွက်များအတွင်းလှည့်လည်၍   Hand Speakerဖြင့်   အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း  သိရသည်။                 

 မြို့(ပြန်/ဆက်)