လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

လိပ်သို   ဇန်နဝါရီ  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွာလာစေရန်  အတွေးအခေါ်  အသိအမြင်များ  အချင်းချင်းဖလှယ် တတ်စေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ “ ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community  Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ  ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့ဦးစီးမှူး  နော်နီလာအေးက စာဖတ်ဝိုင်း  ကျင်းပပြုလုပ်ခြင်းဖြင့်  စာဖတ်သည့်အလေ့အထရရှိစေခြင်း၊  အသိပညာ ဗဟု သုတများ  ပိုမိုတိုးပွားလာစေခြင်း၊ စာပေမှရရှိ‌သော  ဗဟသုတများကို  လူမှုပတ်ဝန်းကျင်တွင်  အသုံးချတတ်လာခြင်း၊  စာပေဖတ်ရှုခြင်းဖြင့်  မိမိကိုယ်ကို  ယုံကြည်မှု ရှိပြီး  အမှားအမှန်ကို  ဝေဖန်ပိုင်းခြားနိုင်ခြင်း  စသည့်    စာဖတ်ဝိုင်းပြုလုပ်ရခြင်း  ရည်ရွယ်ချက်များကို   ရှင်းလင်းပြောကြားပြီး  တက်ရောက်လာသော  စာအုပ်စာစောင် ချစ်မြတ်နိုးသူများက  စာရေးဆရာ လယ်တွင်း သားစောချစ်  ရေးသားသော  “ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ်တွင်ပါရှိသော  အကြောင်းအရာများကို  အပြန်အလှန်  ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

 မြို့(ပြန်/ဆက်)