အိမ်မဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဆိုင်များအား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး

အိမ်မဲ   ဇန်နဝါရီ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းတွင် ရောင်းချလျက်ရှိသည့် ဆေးဆိုင်များအား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရောင်းချလျက်ရှိသည့် ဆေးဆိုင် လိုင်စင် ရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိ စစ်​ဆေးခြင်းနှင့် ဆေးဝါးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်