ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ပိုင်ကျုံ  ဇန်နဝါရီ  ၂၄

ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်တို့ ပူးပေါင်းပြီး ယနေ့ နံနက်(၁၀)နာရီက စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင်အပင်ကိုပျိုးတက်မှ” စာအုပ်ဖြင့် ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “ပန်းလိုချင်အပင်ကိုပျိုးတက်မှ”စာအုပ်သည် ကလေးပြုစုပျိုးထောင်ရာတွင် မိဘများ လိုက်နာကျင့်သုံးရမည့် အချက်များကို စာရေးဆရာက အသေးစိတ်ပညာပေးရေးသားထားပြီး မိဘတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း၊ ယနေ့ခေတ်လူငယ်များ၏ အားထုတ်မှုများနှင့် ပတ်သက်၍ အကျိုးအကြောင်း၊ အဆိုးအကောင်းတို့ကို ကိုယ်တွေ့လေ့လာရေးသားထားခြင်းကြောင့် မဖြစ်မနေဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း၊ လူငယ်ဘဝ၏ ကောင်းကျိုးအဖြာဖြာရယူနိုင်ရန်နှင့် ကျင့်သုံးရမည့်နည်းလမ်းတို့ကို ဤစာအုပ်အား ဖတ်ကြည့်ခြင်းဖြင့် မလွဲမသွေ လိုက်နာကျင့်သုံရမည်ဖြစ်ကြောင်း” Book Club အဖွဲ့ဝင် ဒေါ်ကြာ‌စေးက ဆွေးနွေးသည်။

ဆက်လက်ပြီး စာအုပ်ထဲမှ”မိဘဆရာရိုသေပါ”ခေါင်စဉ်ဖြင့် ဒေါ်‌နော်နီးက ပြန်လည်ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသည့် စာအုပ်၊ စာပေချစ်မြတ်နိုးသူအသင်းသားတို့က  ဆွေးနွေးချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)