ရွှေကျင်မြို့နယ်၊ အ-ထ-က(ရွှေကျင်) ကျောင်းတွင် ကျောင်းသား/ကျောင်းသူမ‌ျားအား သတင်းအမှား/သတင်းအမှန် ခွဲခြားနိုင်ရေးအသိပညာပေးဟောပြော

ရွှေကျင် ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အခြေခံပညာအထက်တန်း၊ အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမတွင် ကျောင်းသား/ကျောင်းသူများအား သတင်းအမှား/သတင်းအမှန်ခွဲခြားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်၁၂ နာရီအချိန်က ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် အ-ထ-က(ရွှေကျင်)ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်မှ အဖွင့်အမှာ စကားပြောကြားပေးပြီး ‌ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်မိုးညွန့်က ဆိုရှယ်မီဒီယာများ သုံးစွဲမှုအကြောင်း၊ ဦးထွန်းထွန်းဇော် (ဓာတ်ပုံ-၂)က ဆိုရှယ်မီဒီယာတွင် ဖော်ပြနေသောသတင်းများ၏ဆိုးကျိုး/ကောင်းကျိုးများ၊ ဆိုရှယ်မီဒီယာအပေါ်မှ သတင်းများအား သတင်းအမှား/သတင်းအမှန်များအား ခွဲခြားမှုအကြောင်းများကို  အသိပညာပေးဟော ပြောခဲ့ပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးမြင့်သောင်းက သတင်းအမှား/သတင်းအမှန်များအကြောင်း  အသိပညာပေးဟောပြောပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)