ကာမိုင်းမြို့၌ ရှရှားနိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေးSinovacဆက်လက်ထိုးနှံပေး

ကာမိုင်း ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို တိုက်နယ်ပြည်သူဆေးရုံတွင် ယနေ့နံနက်(၉) နာရီမှ မွန်းတည့်(၁၂)နာရီအထိ ဆက်လက် ထိုးနှံ ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးကို ရှရှားနိုင်ငံမှ ထုတ်လုပ်ထားပြီး Sinovac အမျိုးအစားဖြစ်၍ ဆေးမထိုးနှံမှီ ပညာရေးဌာနနှင့် သုဂတိမဂ္ဂ လူမှုကူညီရေးအသင်းတို့မှ လိုအပ်သည်များကို ပူးပေါင်းကူညီပေးကြ၍ ကာမိုင်းနည်းဗျုဟာစစ်ဆေးရေးကွပ်ကဲမှု အဖွဲ့နှင့် ကာမိုင်းတိုက်နယ်ဆေးရုံ၀ န်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးပြီး မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်က လှည့်လည်ကြည်ရှုအားပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ (၂၂) ရက်မှ (၂၄) ရက်နေအထိ ထိုးနှံပေးခဲ့ရာ စုစုပေါင်းလူဦးရေ (၄၁၃)ဦးထိုးနှံပြီးစီးခဲ့ကြောင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံခဲ့ရာ ယနေ့အထိပြည်သူ (၆၀၀၈) ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ဦးစီးဌာနမှသိရသည်။

လဆိုင်း(ပြန်/ဆက်)