ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စုရှိ  နေအိမ်များနှင့် ဈေးဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

မောင်တော  ဇန်နဝါရီ  ၂၄

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စုရှိ  နေအိမ်များနှင့် ဈေးဆိုင်များ အား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၄  ရက်နေ့ နံနက် ၉ နာရီအချိန် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင်  ငါးခူရပြန်လည်လက်ခံရေး မီးသတ်စခန်းတာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး မျိုးကျော် ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ငါးခူရကျေးရွာအုပ်စုရှိ  ဈေးဆိုင်များနှင့်  နေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ရာ မီးလောင်မှု၊  မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါကလည်း ၊ မီးလောင် ဆုံးရှုံးမှုလျော့နည်းစေရေး ၊  မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အ သက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေရေးအတွက်  မီးကို စနစ်တကျ အသုံးပြုစေရေး ၊  ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ် သူများ အနေဖြင့် မီးကြွင်း၊ မီး ကျန် များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။ 

အောင်ကျော်စိန် ( ပြန်/ဆက်)