ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub) ၊ လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာပေဝါသနာရှင်များစာပေအသိအမြင် ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်းစာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက် ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန် က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဦးစီးမှူး ဒေါ် နွေးနွေးအောင် က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း ၏ရည်ရွယ်ချက် များ အား ရှင်းလင်းပြောကြားပြီးနောက်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)နှင့် လူငယ်အသင်း(YouthClub)တို့မှ အသင်းဝင်းများ၏ စိတ်ကြိုက်စာအုပ်ဖြစ်သော စာရေးဆရာဆရာ ခင်မောင်အေး (နှလုံး)ရေးသားထားသည့် လူရယ်လို့ဖြစ်လာလျှင် စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်