ချီဖွေ ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာနှင့် ပတ်သတ်၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဦးဂွါဇာလေးက ယခုလို ကိုဗစ်-၁၉ ကာလတွင် ပြည်သူများအသိပညာ၊ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မိမိတို့ဌာနအနေဖြင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးဝေက မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်များနှင့် သဘယဝဘေးအန္တရာယ်ဖြစ်သည့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက် ရမည့် အချက်များ၊ ရေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေးအန္တရယ်များ ဖြစ်ပေါ်လာပါက ရှောင်ရန်၊ ဆောင်ရန်အချက်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)