သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသူများအား Covishield ပထမအကြိမ် ဆက်လက် ထိုးနှံပေး

သာစည် ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေ သူများအား Covishield ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ညောင်ရမ်းကျေးရွာ ဆေးထိုးစုရပ် နှင့် သနပ်ကန်ကျေးရွာ ဆေးထိုးစုရပ်တို့တွင်  ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့များက ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက covidshield အမျိုးအစား ပထမအကြိမ်အဖြစ် ညောင်ရမ်းကျေးရွာအုပ်စုအတွင်းရှိ  အသက် (၁၈) နှစ်နှင့်အထက် ပြည်သူ ၂၃၁ ဦး ၊ သနပ်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူ ပြည်သူ ၂၂ ဦး ၊ စုစုပေါင်း ၂၅၃ ဦး တို့အား ထိုးနှံပေးခဲ့သည်။

သာစည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှ စတင်၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် ယမန်နေ့အထိ Sinopharm အမျိုးအစားကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆၂၈၆၉ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၅၇၄၅၈ ဦး၊ Sinovac အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ ၁၇၇၇၆ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၁၆၆၈၁ ဦး၊ Covishield ပထမအကြိမ် ၃၆၀၈ ဦး၊ စုစုပေါင်း ၁၅၈၃၉၂ ဦးတို့အား ထိုးနှံ‌‌ပြီး ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်