မော်လမြိုင်ခရိုင်၌ “မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး” အသိပညာပေး (Talk Show) ဆောင်ရွက်

မော်လမြိုင်     ဒီဇင်ဘာ        ၉

 

ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးသုံစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြရန်နှင့်  မီးဘေးအန္တရာယ်လုံခြုံရေးသိရှိနိုင်စေရန် ရည်ရွယ်၍အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်၁၁နာရီက  မော်လမြိုင်ခရိုင်   ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Center)ခန်းမတွင်  Online  အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး  ဒေါ်ဇာဖြူဝင်းက အသိပညာပေးဆွေးနွေးပွဲ (Talk  Show)ကျင်းပရခြင်း  ရည်ရွယ်ချက်ကို ရှင်းလင်း ပေးပြီး မော်လမြိုင်မြို့နယ်  မီးသတ်ဦးစီးမှူး  ဦးစိုးကျော်သူက   မိမိတို့ဌာနမှ    ပြည်သူများ မီးဘေး အန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင် သတိပေးဆောင်ရွက်ချက်များ၊ပြည်သူများ မီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေး လိုက်နာသတိပြုရမည့် အချက်များ၊ စျေးများ၊ စက်သုံးဆီအရောင်း ဆိုင်များတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်ရေး ကာကွယ်ရေးပစ္စည်း စနစ်တကျ ဆောင်ရွက်ထားရှိရမည့်အချက်များနှင့်  ရပ်ကွက်/ကျေးရွာပြည်သူလူထု  မီးဘေးအန္တရာယ်အစဉ်  သတိရှိကြ စေရန်ညစဉ် အသိပညာ ပေး လိုက်လံနှိုးဆော်ပေးကြောင်းကို အသေးစိတ်ဆွေးနွေးပေးသည်။

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  အနေဖြင့် အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းအပြင် လူငယ်၊လူရွယ်များ  စာဖတ်သည့်  အလေ့ အကျင့်ကောင်း များရရှိရန် စာဖတ်ဝိုင်းများ၊ နည်းပညာသင်တန်းများ၊ လူမှုစီးပွားအတတ်ပညာရရှိစေရန် အိမ်တွင်းမှု ဆိုင်သောအသိပညာများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍စဉ်ဆက်မပြတ်ပုံမှန် ဆောင်ရွက်ပေး လျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)