မိုးမောက် ဒီဇင်ဘာ ၉
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၉ ရက် နံနက် ၁၀နာရီတွင် ၂၀၂၀−၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် ကချင်ပြည်နယ် အရေးပေါ်ရန်ပုံငွေမှ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်း (Volunteer)များနှင့် ကိုဗစ်−၁၉ ပိုးတွေ့လူနာများအတွက် စားသောက်စရိတ်များနှင့် စက်သုံးဆီကုန်ကျစရိတ်များ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေလင်းထွန်းက ထောက်ပံ့ကြေးပေးအပ်ရခြင်း နှင့်ထောက်ပံ့ကြေးများ ခွဲဝေပေးမှုအခြေအနေကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏစိုးအောင်က ထောက်ပံ့ကြေးများကို စနစ်တကျပေးအပ်နိုင်ရေးထပ်ဆင့်ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးဝေလင်းထွန်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏစိုးအောင် ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစိုးသူထိုက်၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ စံလင်းတို့က မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ လွယ်ဂျယ်မြို့တို့မှ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း (၄)ဖွဲ့မှ စေတနာ့ဝန်ထမ်း (Volunteer) (၄၁)ဦးတို့အတွက် စားသောက်စရိတ်များနှင့် စက်သုံးဆီ ကုန်ကျစရိတ်များ ထောက်ပံ့ငွေ စုစုပေါင်း ၅၅၈၀၀၀၀ ကျပ် နှင့် (၂၇.၅.၂၀၂၁ ရက်နေ့မှ ၂၇.၈.၂၀၂၁ ရက်နေ့အထိ) ပိုးတွေ့လူနာ (၂၃၉)ဦးတို့အတွက် တစ်ဦးလျှင် (၄၅၀၀၀)ကျပ်နှုန်းဖြင့် ၁၀၇၅၅၀၀၀ ကျပ်ကိုပေးအပ်ရာ မိုးမောက်မြို့ပေါ်ရှိ ခါနန်ရပ်ကွက်၊ အလင်းကောင်ရပ်ကွက်၊ ကြေးနန်းရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ သက်ဆိုင်ရာလူမှုရေးအသင်းအဖွဲ့ တာဝန်ခံများက လက်ခံရယူ ခဲ့ကြောင်းသိရသည်။