မအူပင်မြို့နယ်တွင် ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

မအူပင်   ဇန်နဝါရီ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မြို့မဈေးတွင် ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်း ကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးဆောင်ရွက်ရာတွင် မအူပင်မြို့မဈေး၊ အောင်မင်္ဂလာ​ဈေး အောင်ရတနာ စျေးများတွင် ရောင်းချလျက်ရှိသည့်ဆိုင်ခန်းများအား ဇန်နဝါရီလ ၂၆ ရက်နေ့မှစ၍ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် စာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့မှ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)