ဝက်လက်မြို့ ၌ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM) နည်းပညာ သင်တန်းဖွင့်လှစ်

ဝက်လက် ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနတွင် ယမန်နေ့က ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM)  နည်ပညာသင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဘက်စုံပိုးမွှား ကာကွယ် နှိမ်နင်းနည်း (IPM) စနစ်၏ ကောင်းကျိုးများ ရှင်းလင်းဆွေး နွေးပြီးနောက်၊ ဒုတိယ ဦးစီးမှူး ဦးအောင်ကိုလတ် ကလည်း ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM)စနစ်၏ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို ဆွေးနွေး ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာအသီးသီးမှ တောင်သူ ၅၄ ဦး တက်ရောက်ကြကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)