ပန်းတောင်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မင်းရပ်ရပ်ကွက် ပဲကြီးစိုက် တောင်သူနှင့် ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းအေးက ကွင်းဆင်း၍ တွေ့ဆုံမေးမြန်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတောင်းမြို့နယ် မင်းရပ် ရပ်ကွက် သဲသောင်ပြင် မြေနု ကျွန်းပေါ်တွင် ဦးစိန်ဝင်းမှ ပဲကြီးစိုက်ခင်းများ စိုက်ပျိုးထားကြောင်း သိရသည်။ ယင်း နောက် ပန်းတောင်းမြို့နယ် မင်းရပ် ရပ်ကွက် သဲသောင်မြေနုကျွန်းကိုင်းတွင် ယခင်နှစ် ပဲကြီး စိုက်ဧက (၁ဧကခွဲ) စိုက်ပျိုးထားရှိပြီး (၁ဧကခွဲ)ဧကတွင် ပဲကြီး (၃)ပြည် စိုက်ပျိုးထား၍ မျိုးတစ်ပြည်လျှင် (၃၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးထား ကြောင်း သိရသည်။ မနှစ်က ပဲကြီးအထွက်တင်းမှာ (၁၀)တင်းခန့်သာရရှိပြီး ယခုနှစ် တွင် ပဲကြီး(၃၀)တင်းခန့် ထွက်ရှိမည်ဟု သိရသည်။ ယခင်နှစ် ပဲကြီးစျေးနှုန်းမှာ တစ်တင်းလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချရပြီး ယခုနှစ်တွင် တစ်တင်းလျှင် (၈၀၀၀၀)ကျပ်နှုန်း စျေးပေါက်၍ စျေးကွက်အနေဖြင့် ပြည်မြို့ပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း ပဲကြီးစိုက်တောင်သူ ဦးစိန်ဝင်းထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)