သာယာဝတီ ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ လှည်းလမ်းကူးအုပ်စု၊ ကိုးပင်ရိုးကျေးရွာတွင် တစ်ပိုင်တစ်နိုင် သံပုရာပင်စိုက်ပျိုးသူ တောင်သူများအနေဖြင့် သံပုရာသီးရောင်းချခြင်းဖြင့် နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိနေကြောင်းသိရသည်။
သံပုရာစိုက်ပျိုးသူ တောင်သူ ကိုတင်မောင်ဆန်းက ကျွန်တော်အနေနဲ့ သာယာဝတီမြို့ပေါ်မှာရှိတဲ့ ကုန်သည်များထံသို့ လာရောက်ရောင်းချရာတွင် အသီးအရွယ်အစားပေါ်မူတည်၍ စျေးရရှိပြီး သံပုရာသီးအကြီးတစ်အိတ်ကို ငွေကျပ် ၆၀၀၀ကျပ်၊ အလတ်တစ်အိတ်ကို ငွေကျပ် ၄၀၀၀ ကျပ်နှင့် အသေးအိတ်တစ်လုံးကို ငွေကျပ် ၃၀၀၀ ကျပ်ရရှိကြောင်း၊ သံပုရာပင်များကို သီးသန့်ခြံဝန်းများ၌စိုက်ပျိုးထားခြင်းမရှိဘဲ ကျွဲကောပင် ကြားညှပ်စိုက်ပျိုးထားကြောင်းနှင့် တစ်ရက်လျှင် သံပုရာပင်တစ်ပင်ကို သံပုရာသီးအလုံးရေ ၇၀ခန့် ခူးယူနိုင်ပြီး တစ်ရက်ကို သံပုရာသီး သုံးအိတ်ရေ အိတ်ခန့် ခူးယူနေရသည့်အတွက် နေ့စဉ်ပုံမှန်ဝင်ငွေ တစ်သောင်းဝန်းကျင် ရရှိကြောင်း၊ ကြားညှပ်စိုက်ပျိုးထားသည့် ကျွဲကောမှလည်း တစ်နေ့လျှင် ပုံမှန်ဝင်ငွေ ၄၀၀၀ ခန့်ရရှိကြောင်း ကိုးပင်ရိုးကျေးရွာနေ သံပုရာပင်စိုက်တောင်သူ ကိုတင်မောင်ဆန်းက ပြောသည်။
သန့်ဇော်