မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံတူပန်းချီ၊ စစ်တုရင်၊ ခါးကွင်းလှည့်ပြိုင်ပွဲများ ကျင်းပ

မာန်အောင် ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပုံတူပန်းချီ၊ စစ်တုရင်နှင့် ခါးကွင်းလှည့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ဝင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များ အား ပြောကြားပြီး ပြိုင်ပွဲများကို ကျင်းပရာ ရန်အောင်မြင်ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၁၅ ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးမှ ဆုလက်ဆောင်များ အသီးသီးပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)