သံတောင်ကြီး ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကိုပျက်ပြားစေရန် လူမှုကွန်ယက်များ၌ပျံ့နှံ့နေသည့် လှုံ့ဆော်မှုများ ပါဝင်ပတ်သက်မှုမရှိစေရန် နှိုးဆော်မှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ယနေ့နံနက်(၁၁)နာရီအချိန်တွင် သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက်တွင် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နှိုးဆော်မှုများဆောင်ရွက်ရာတွင် အကြမ်းဖက်အုပ်စုဖြင့် ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့လက်အောက်အဖွဲ့အစည်းများ၊ ယင်းတို့ဆက်နွယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်း ခြောက်ခြင်းများကို လူမှုကွန်ယက်များမှတဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်ဝါဒဖြန့်မှုအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ၊ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တနည်းနည်းဖြင့်ဖြစ်စေ၊ အများပြည်သူအနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံဆော်ဝါဒဖြန့်မှုများကို တဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း စသည်တို့ကို အများပြည်သူများ သိရှိစေရန်အတွက် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ