သတင်းများ

မြောင်းမြမြို့ ဘုရားချောင်း(ရပ်) အခြေခံပညာ မူလတန်းကျောင်းအား မူလတန်း(လွန်)ကျောင်း အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်
Jan 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဘုရားချောင်း(ရပ်) အခြေခံပညာ မူလတန်းကျောင်းအား  အခြေခံပညာ မူလတန်း(လွန်)ကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ အချိန်တွင် ဘုရားချောင်း(ရပ်)အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့၌ သောက်သုံးရေ အခက်အခဲဖြစ်နေသော ရပ်ကွက်အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေကန်လှူဒါန်း
Jan 30,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် အပိုင်း(၁)တွင် နေထိုင်သော ဒေသခံပြည်သူ့များ သောက်သုံးရေအခက်အခဲကို နှစ်စဉ်ဖြစ်ပေါ်နေသည့်အတွက်  အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားမှုဖြင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သိန်း(၃၀) ကျော် ရေကန်ကို ယနေ့ နေ့လယ် ၁၂ နာရီ အချိန်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jan 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူးရုံး၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲများကို မြို့နယ်အဆင့် ကျင်းပခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ အသက်(၂၅)နှစ်အောက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 30,2022
အသက်(၂၅)နှစ်အောက် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မုဒုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။
ဘုတ်ပြင်းမြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 30,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ပေးခြင်းကို ယမန်နေ့က ဟံကပြုကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 30,2022
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့် အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးမှ လဝကမှူး ဦးအေးလွင်နှင့် ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီခွဲ အချိန်က သရက်နှစ်ခွကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြိတ်ခရိုင်ရှိ ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (၇၀၄၃၀)နှင့် ဆေးထိုးအပ်များ မြိတ်မြို့သို့ တပ်မတော်လေယာဉ်ဖြင့် ထပ်မံရောက်ရှိ
Jan 30,2022
တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်အတွင်းရှိ ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင်  မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Covishield (၇၀၄၃၀)နှင့် ဆေးထိုးအပ်များ ထပ်မံရောက်ရှိလာခဲ့သည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် ဥပဒေအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်
Jan 30,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  Mask Campaign ပြုလုပ်ခြင်းနှင့် ပြည်သူများဥပဒေနဲ့အညီ နေထိုင်တတ်စေရေး ဥပဒေအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များက မြို့မဈေးကြီးနှင့် လူသွားလူလာများသည့်နေရာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။