မြစ်သားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Dec 10,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ လထုတ်အတွဲ(၁၈)အမှတ်(၂၁)စာစောင်ပါ စာရေးဆရာမြတ်လေးမြင့် ရေးသားထား သော"ပေါ့ပါး ပျော်ရွှင် စိတ်ကြည်လင်ကျန်းမာရေးကိုမြတ်နိုးကြစို့အစဉ်"ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။