ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် ဥပဒေအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ကျောက်ဖြူ   ဇန်နဝါရီ   ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  Mask Campaign ပြုလုပ်ခြင်းနှင့် ပြည်သူများဥပဒေနဲ့အညီ နေထိုင်တတ်စေရေး ဥပဒေအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များက မြို့မဈေးကြီးနှင့် လူသွားလူလာများသည့်နေရာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းဦးဆောင်သည့် မြိူ့နယ်စီမံအုပ်မံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးကြီးနှင့် မြို့အဝင်၊ အထွက်လမ်းဆုံနေရာသို့ သွားရောက်ကာ ဈေးသွား၊ ဈေးပြန်များ၊ အငှားယာဉ်မောင်းနှင်နေသူများ၊ လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများကို လက်သန့်ဆေးရည်များဖြင့် လက်ကိုစက္ကန့် ၂၀ကြာ စနစ်တကျဆေးကြောနည်းများ၊ နှာခေါင်းစည်း MASK စနစ်တကျတပ်ဆင်နည်းများအား  အသိပညာပေးဆောင်ရွက်ပြီး၊ နှာခေါင်းစည်း MASK အခု ၆၀၀ ကျော်နှင့် ဥပဒေအသိပညာပေးလက်ကမ်းစာစောင် ၂၅၀ ကျော်တို့အား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ဥပဒေအသိပညာပေးလက်ကမ်းစာစောင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇ သတ်ကြီးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ရာဇသတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရအမိန့်ထုတ်ပြန်ခြင်း စသည့် ပြည်သူများသိရှိလိုက်နာဆင်ခြင်နိုင်မည့် ဥပဒေဆိုင်ရာများအား ဖော်ပြပါရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)