ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (Yellow Mosaic Virus) ကြိုတင်ကာကွယ်ရန် (IPM) နည်းဖြင့် ဆောင်ရွက်နေမှုနှင့် သရုပ်ပြ ဆေးဖျန်းမှုအား ကြည့်ရှုစစ်ဆေး
Dec 13,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၃ နာရီ ၂၀ မိနစ် အချိန်က အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု မကျီးကုန်းကျေးရွာရှိ တောင်သူဦးဝင်းမောင် ပိုင်ဆိုင်သည့် ကွင်းအမှတ်(၇၅၈/က)၊ ဦးပိုင်အမှတ် ၂၉၇ တွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံ မတ်ပဲစိုက်ပျိူးခင်းတွင် အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (Yellow Mosaic Virus) ကြိုတင်ကာကွယ်ရန် (IPM)နည်းဖြင့် ဆောင်ရွက်နေမှုနှင့် သရုပ်ပြဆေးဖျန်းနေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်မှ မတ်ပဲပင်များအား (IPM)နည်းဖြင့် ကာကွယ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ မြေသြဇာသုံးစွဲရာတွင် အဆင်ပြေမှုရှိ/ မရှိမေးမြန်းရာတောင်သူ ဦးဝင်းမောင်မှ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။