အမ်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 30,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် Silence Strike အသံတိတ်သပိတ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ ထုတ်ပြန်ချက်များအား ဒေသခံပြည်သူများ ပါဝင်မှုမရှိစေရေး အမ်းမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များ၊ အမ္ဗနဒီဈေးအတွင်း ဈေးရောင်း/ဈေးဝယ်သူများနှင့် တပ်တောင်မြို့ မြို့အုပ်ချုပ် ရေးမှူး ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး (တာဝန်ခံ)၊ နယ်မြေရဲတပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စာရေးများ ပူးပေါင်းပါဝင်၍ တပ်တောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် ဈေးအတွင်း ရောင်းချနေသည့် ဈေးဆိုင်များ၊ ဈေးရောင်း/ဈေးဝယ်သူများ၊ ကားဂိတ်များနှင့် လမ်းဆုံ လမ်းမများ၌ သွားလာလျက်ရှိသည့် ဒေသခံပြည်သူများအား ယနေ့နံနက်(၉)နာရီ အချိန်က ဖြန့်ဝေ ခဲ့ကြသည်။