သတင်းများ

မြို့သစ်မြို့နယ် ဓမ္မမဏ္ဍိုင်ကျောင်းသို့ ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း
Feb 09,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း သံဃာတော်နှင့်သီလရှင်များ ဆွမ်းဆန်တော် အခက်အခဲမရှိစေရေး အတွက် လစဉ် ဌာနဆိုင်ရာဝန်ထမ်းများမှ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွက်သစ်ရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ကျောင်းတိုက်သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခိုင်ရွှေဝါလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ယမန် နေ့ ညနေ ၄ နာရီက ခိုင်ရွှေဝါလမ်းနှင့် သွန်းဘုရားလမ်းဆုံတွင် ကျင်းပခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Feb 09,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူလုထု၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတုမင်္ဂလာ ပရိယတ္တိစာပြန်ပွဲနှင့် ဓမ္မစကြာရွတ်ဆိုပွဲ စည်ကားသိုက် မြိုက်စွာကျင်းပမည်
Feb 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် စိန်ရတုမင်္ဂလာပရိယတ္တိစာပြန်ပွဲတော်နှင့် ဓမ္မစကြာရွတ်ဆိုပွဲအခမ်းအနားကို ဖေဖော် ဝါရီလ(၁၃)ရက်နေ့မှစ၍ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပုံပါကျင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Feb 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနှင့် ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေ ရန်နှင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက နယ်လှည့် စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ် စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Feb 09,2022
မကွေးတိုင်ဒေသကြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀) နာရီက ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပ
Feb 09,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Feb 09,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက် ထိုးနှံသူ ပြည်သူများအား ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခမဲ့ဖြန့်ဝေသည်။