ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၂) ရပ်ကွက်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းမှ ကာကွယ်ဆေး လာရောက်ထိုးနှံသူများနှင့် တွေ့ဆုံ၍ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် မိမိနှင့် မိမိ၏ မိသားစုကို ကာကွယ်ပေးရာရောက်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကမ္ဘာ့ကပ် ရောဂါကို တိုက်ဖျက်ကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်