ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

ဘီးလင်း ဖေဖော်ဝါရီ

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် Sputnik light ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့မှစတင်ကာ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဘီးလင်းမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲဝင်များ၊ အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ အသက် (၆၅) နှစ်နှင့်အထက် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသော သုံးလနှင့် ခြောက်လ အထက်ရှိ ပြည်သူစုစုပေါင်း (၅၁၅)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ထူးနောင်