ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသော ဟိုင်းကြီးကျွန်းမြို့၏ ကျက်သရေဆောင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီးအား ရေသပ္ပါယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကြီး မကျင်းပမီ ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ရေသပ္ပါယ်ခြင်း ဖြစ်ပြီး ရေသပ္ပါယ်ခြင်းကို ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပရဟိ တ အသင်းများနှင့် ဒေသခံ လုပ်သားပြည်သူများပါ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်