စစ်ကိုင်း ဖေဖော်ဝါရီ ၉
စစ်ကိုင်းခရိုင်နှင့် စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသထွက်ကုန်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြပွဲပြိုင်ပွဲ အခမ်းအနားသို့ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ဦးတိုးဝေက လမ်းညွှန်အမှာစကားများ ပြောကြားကာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်က ပြပွဲပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက ပြသထားသည့် ဒေသထွက်ကုန် ပစ္စည်းများနှင့် သစ်သီးဝလံများကို လှည့်လည်ကြည့်ရှူ့အားပေးခဲ့ကြပြီး ဆုရရှိခဲကြသည့် ဒေသခံတောင်သူများနှင့် အခမ်းအနားမှူး အရည်အချင်းပြိုင်ပွဲတွင် ဆုရရှိခဲ့ ကြသည့် ဝန်ထမ်းများအား ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများ၊ ပြည်သူများက မိမိတို့ကိုယ်ပိုင် ထုတ်လုပ်သည့် ဒေသထွက် ပစ္စည်းများ၊ စိုက်ပျိုးထားသည့် သစ်သီးဝလံများကို ပြသ၍ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်