တောင်ကုတ်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopherm)အား ထိုးနှံပေးလျက်ရှိ

တောင်ကုတ် ဖေဖော်ဝါရီ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု၊ ရောဂါကြောင့် သေဆုံးမှု၊ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန်   ရည်ရွယ်၍၊  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်  နာရီအချိန် က သိမ်တောင်ရပ်ကွက်မှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူအသက် ၁၈ နှစ်နှင့် အထက်အား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopherm)အား သိမ်တောင်ရပ်ကွက် ပညာဒါနကျောင်း၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရာတွင် တောင်ကုတ်မြို့ သိမ်တောင်ရပ် ကွက်အတွင်း၌ ပထမအကြိမ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီးသူ (၆၄၁) ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ တောင်ကုတ်မြို့ပေါ် ရပ်ကွက်()ခု၌ ကာကွယ်ဆေးအကြိမ်ရေ ပြည့်မှီအောင် ထိုးနှံထားသူ ကံပိုင်ရပ်ကွက်၌ (၉၂၅)ဦး၊  ချောင်းကောက် ရပ်ကွက်၌ (၁၀၇၅)ဦး၊ ဂူတာရပ်ကွက်မှ (၈၅၀)ဦးနှင့် သိမ်တောင်ရပ်ကွက်၌ (၆၄၁)ဦး စုစုပေါင်း(၃၄၉၁)ဦးအနက် မြို့ပေါ်()ရပ်ကွက်၌ ထပ်ဆောင်းထိုးနှံထားပြီးသူ (၂၇၁၅)ဦးရှိပြီး သိမ်တောင်ရပ်ကွက်၌ ဆက်လက် ထိုးနှံပေးလျက်ရှိပြီး ၎င်းအား မြို့နယ်အထွေထွအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန်းဝင်း (မြို့နယ်ပြန်/ဆက်)