မရမ်းကုန်းမြို့နယ်၌ (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ

မရမ်းကုန်း ​ဖေ​ဖော်ဝါရီ ၉

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယမန်​နေ့ နံနက် ၁၀ နာရီအချိန်က (၇၅)နှစ်​မြောက်စိန်ရတု ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ​​ဆောင်ရွက်ခဲ့သည်။

အဆိုပါ​ ဆောင်ရွက်မှုတွင် မရမ်းကုန်းမြို့နယ် စာ​ရေးဆရာအသင်း အတွင်း​ရေးမှူး ဦးထင်​ကျော်မိုး (​မြေလတ်ထင်​ကျော်မိုး) က ပြည်​ထောင်စု​နေ့ ဖြစ်​ပေါ်လာပုံသမိုင်းအ​ကြောင်းအရာများ၊ ပြည်​ထောင်စုစိတ်ဓာတ်ရှင်သန်​စေ​ရေး၊​ နောင်အနာဂတ် တိုင်းရင်းသာလူငယ်များအ​နေဖြင့် ပြည်​ထောင်စုကြီး​​​ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်​​​အောင်​ ဆောင်ရွက်ကြ​​စေ​ရေး အစရှိသည်ဖြင့် ရှင်းလင်း​ပြောကြားခဲ့သည်။

(၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ (Talk Show) အစီအစဉ် အစအဆုံးအား မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် online page တွင် လွှင့်တင်ထားရှိမည်ဖြစ်​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)