မိုင်းဖြတ် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စု နေ့ သမိုင်းအကြောင်း သိကောင်းစရာများနှင့် စာပေရသအကြောင်း အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြပြုဗဟိုဌာန ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲ အကြိုဟောပြောပွဲ များ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ (ဝတီနွယ်) ဦးကျော်ဆွေဦးက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ပြည်ထောင်စု နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် မြန်မာစာပေရေးသားရာမှာ လိုက်နာရမည့် မြန်မာသဒ္ဒါ၊ ဝါကျ၊ စကားစုစသည့် စာပေရသဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး