လက်ပံတန်းမြိုနယ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကျင်းပ

လက်ပံတန်း ဖေဖေါ်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း သာသနာ ၂၅၆၅ ခုနစ် ကောဇာသက္ကရာဇ် ၁၃၈၃ ခု သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့က ဘုရားကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သဘာပတိဆရာတော်ဘဒ္ဒန္တအရိယဝံသက၊ ဩဝါဒကထာမြွက်ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က သာသနာရေးဆိုင်ရာ များကို တင်ပြလျှောက်ထားပြီးနောက် သဘာပတိဆရာတော်က မြို့နယ် သံဃနာယဂ ဆရာတော် ဘွဲ့အမည်စာရင်းကို ဖတ်ကြားပေးပြီး  အတည်ပြုပါက သာဓု သုံးကြိမ်ရွတ်ဆိုခဲ့ကြရာ လက်ပံတန်းမြို့နယ်အတွင်းရှိ  အကျိုးတော်ဆောင် တစ်နေရာနှင့် အဖွဲ့ဝင် ၁ နေရာတို့ကို အတည်ပြု ခန့်အပ်ခဲ့ကြပြီး သဘာပတိ ဆရာတော်က နိဂုံးချုပ်ဝါဒကထာ မိန့်ကြားပြီး ဗုဒသာသနံ စိရန် တိဌတု သုံးကြိမ် ရွတ်ဆိုပြီး မြို့နယ် သံဃနာယဂ အဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်း အခမ်းအနား ပြီးမြောက်ကြောင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ လက်ပံတန်းမြို့နယ်အတွင်းရှိ မြို့နယ်သံဃနာယက ဆရာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် သာသနာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပူပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ဝင့်နန္ဒာဌေး