နောင်ချိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

နောင်ချို ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည် ချက်များ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ရည်မှန်းချက်များ ပြည့်စုံအောင် (နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)၊ “ပြည်ထောင်စုသားဒို့လက်များသည်” ကဗျာ၊ “အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့” ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၁-၂-၁၉၄၇ ရက်နေ့တွင် ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင် ပြောကြားသော မိန့်ခွန်းကောက်နုတ် ချက်၊ ကာတွန်းများ စသည့် အကြောင်းအရာများကို ဖော်ပြထားကြောင်း သိရသည်။

ထွေးငယ်၊ ပြန်/ဆက်