သတင်းများ

တောင်သာမြို့နယ် ရသစ်ကျေးရွာနှင့် ကျောဇီကျေးရွာ၌ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ တွေ့ဆုံပွဲဆောင်ရွက်
Feb 10,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူ များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက ရသစ်ကျေးရွာနှင့် ကျောဇီကျေးရွာ များသို့ သွားရောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရာဂါကာကွယ်ဆး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး
Feb 10,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVID SHIELD) နှစ်ကြိမ် ထိုးနှံပြီး သည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ကစတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မင်းလှမြို့၊ ရုံးရပ်တောင်ရပ်ကွက်ရှိ ဦးကင်းဘုရား ဓမ္မာရုံ၌ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝက်လက်မြို့၌ မုန်လာဥဖြူစိုက်ပျိုးခြင်းဖြင့် နှစ်လအတွင်း အမြတ်ရရှိ
Feb 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မြင်တော်ကျေးရွာအုပ်စု တိုက်ကုန်းကျေးရွာတွင် မုံလာဥဖြူ စိုက်ပျိုးခြင်းဖြင့် နှစ်လအတွင်း အမြတ်ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း မုံလာဥဖြူ စိုက်ပျိုးသူ တောင်သူထံမှ သိရသည်။
မော်လမြိုင်မြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင်(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်
Feb 10,2022
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေ ခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် ပြိုင်ပွဲများကို​ ဖေဖော်ဝါရီ ၇ ရက်မှ စတင်ကျင်းပပေးခဲ့ ရာ ယမန်နေ့နံနက်၉နာရီက မော်လမြိုင်မြို့၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းဦးသာညှင်းခန်းမ၌ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။
ပေါင်းတည်မြို့၌ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဆင်းပွဲ ကျင်းပ
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀နာရီက ပေါင်းတည် မြို့မ အ-ထ-က ကျောင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့ အ.ထ.ကတွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီတွင် မိုင်းစံအထက ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်
Feb 10,2022
မိုင်းစံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို စာစီစာကုံးပြိုင်၌ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မိုင်းစံမြို့၊ အခြေခံပညာ အထက်တန်းကျောင်း ၌ ပြုလုပ်ခဲ့သည်။
တနင်္သာရီ၌ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အား/ကာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် (ဒုတိယ) ပွဲစဉ်ယှဉ်ပြိုင်
Feb 09,2022
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အားကစားဖွံ့ဖြိုးမှု အစီအစဉ် (TSDP) အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသား ဘောလုံး ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဌာနဆိုင်ရာအသင်းနှင့် ဆင်ခြေဖုန်းအသင်းတို့က မြို့မအားကစားကွင်းအတွင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်မှစ၍ ယှဉ်ပြိုင်ကစားကြရာ ဆင်ခြေဖုန်းအသင်းက ဌာနဆိုင်ရာအသင်းအား (၂ဂိုး-ဂိုးမရှိ) ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရှိရသည်။