မင်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ  ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ယမန်နေ့နံနက် ၁၀နာရီခွဲက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ    ပြုလုပ်ခဲ့သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးငယ်များ အ‌နေဖြင့် ဆေးရောင်များ၏ သဘောတရားနှင့် အရောင်စပ်ပုံအကြောင်းများ သိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် အရောင်အသွေးအ‌ပေါ် စူးစမ်းလေ့လာနိုင်စွမ်း မြင့်မားလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်‌ကြောင်းနှင့်  ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း များကို ပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို စတင်ခဲ့သည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့သည်။ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မင်းလှမြို့ မြောက်ရပ်အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဇာဇာ