ပန်း​တောင်းမြို့နယ်တွင် (၇၅)နှစ်မြောက်ပြည်‌‌ထောင်စု‌နေ့အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲနှင့်‌ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်

ပန်းတောင်း ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မူလတန်းအဆင့်ပန်းချီ ပြိုင်ပွဲနှင့်‌ ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သင်းသင်း​အေးက ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့် တိုက်အား အများပြည်သူ ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခုအဖြစ် သိရှိစေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန် ရည်ရွယ် ၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက်  ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသား/သူ(၁၂)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရှိရသည်။

သင်းသင်းအေး(ပြန်/ဆက်)