မိုင်းစံမြို့ အ.ထ.ကတွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီတွင် မိုင်းစံအထက ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။