မြို့သစ်မြို့နယ် ဓမ္မမဏ္ဍိုင်ကျောင်းသို့ ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

မြို့သစ်   ဖေဖော်ဝါရီ    ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း သံဃာတော်နှင့်သီလရှင်များ  ဆွမ်းဆန်တော် အခက်အခဲမရှိစေရေး အတွက် လစဉ် ဌာနဆိုင်ရာဝန်ထမ်းများမှ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွက်သစ်ရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ကျောင်းတိုက်သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ဓမ္မမဏ္ဍိုင်ကျောင်းရှိ ဆရာတော်ဦးကု ဝေရထံ ဆွမ်းဆန်တော်တစ်အိတ်၊ ဆီနှစ်ပိဿာ၊ ဆား၊ ကြက်သွန်၊ လက်ဖက်ခြောက်၊ ဆပ်ပြာ၊ခေါက်ဆွဲခြောက် အစရှိသည့် လှူဖွယ်ပစ္စည်းမျိုးစုံအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)