မိုင်းစံမြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်

မိုင်းစံ   ဖေဖော်ဝါရီ   ၁၀

မိုင်းစံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို စာစီစာကုံးပြိုင်၌ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မိုင်းစံမြို့၊ အခြေခံပညာ အထက်တန်းကျောင်း ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မိုင်းစံမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးက ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

ခင်ချို(မုန်းဆန်း)