ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ညောင်တုန်း  ဖေဖော်ဝါရီ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခိုင်ရွှေဝါလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ယမန် နေ့ ညနေ ၄ နာရီက ခိုင်ရွှေဝါလမ်းနှင့် သွန်းဘုရားလမ်းဆုံတွင် ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ခိုင်ရွှေဝါလမ်း ကွန်ကရစ်လမ်းသစ် ပြီးစီးဖွင့်လှစ်ပြီရာ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်၍ ပြည်သူများ အနေဖြင့်လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် လမ်းရေရှည်တည်တံအောင် ထိန်းသိမ်းရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်က ဖွင့်ပွဲပြုလုပ်သည့်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ခေတ္တအမှုဆောင်အရာရှိတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်၍ လမ်းအားကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ခိုင်ရွှေဝါလမ်းကွန်ကရစ်လမ်းသစ်မှာ ယခင် အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေရှိသည့် ကတ္တရာလမ်းမကြီးဖြစ်ပြီး ယခု ၂၀၂၁-၂၀၂၂ခုနှစ်၊ ပထမ(၆)လတာကာလ Mini-Budgetတွင် (၁၂၄၅ပေ၊ ၁၂ပေ၊ ၆ပေ)ရှိ ကွန်ကရစ်လမ်းသစ်ကိုဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသည့်(၉၀၂ပေ၊ ၁၂ပေ၊ ၆ပေ)အား ဆောင်ရွက်ရန်လျာထားပြီးဖြစ်၍ ပြီးစီးပါက သွန်းဘုရားလမ်းမှ အာဇာနည်လမ်းတစ်လျောက်လုံး ကွန်ကရစ်လမ်းအဖြစ် မြို့နေပြည်သူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။

မြို့နယ်(ပြန်ဆက်)