မိုင်းစံမြို့ အ.ထ.ကတွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မိုင်းစံ   ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီတွင် မိုင်းစံအထက ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်ချိုထွေးက ဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာ ပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ ငှားရမ်း ကာ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခင်ချို(မုန်း/ဆန်း)